
မင်းမျက်ဝန်းတွေအကြောင်း ငါသိတယ်
အမာဒီနီဂျက်လို
အကြံနဲ့
ကင်ဂျုံအီလို
ဒုံးကျည်စမ်းချင်နေတယ်
ငါက ဒိုင်ယာနာမင်းသမီးမဟုတ်တော့
သက်တော်စောင့် . . . ပေါလ်လည်းမရှိပါဘူး
. . . . . . . . . .
. . . . . . . . . . . . .
. . . ဟစ်တလာတောင်
. . . လူပေါင်းများစွာကို . . .
. . . အမုန်းပုံဆောင်ခဲနဲ့ . . .
. . . ထုချေနိုင်သေးတာပဲ . . .
ငါက . . . . မင်း
တစ်ယောက်ထဲကိုတော့
ကောင်းကောင်းစုတ်ဖြဲပစ်လိုက်နိုင်တယ်
အာဖကန်မှာ
အသေခံဗုံးခွဲတာကို
လာမပြောနဲ့
ဂါဇာကို
သွားတဲ့
သင်္ဘောတွေ
ဘယ်လိုဖြစ်သွားတယ်ဆိုတာ သိတယ်မှတ်လား
မင်းသိထားဖို့က နောက်တစ်ခါဆို
မင်းသားကြီး . . . . . . အာနိုးတောင်
ရွှေးကောက်ပွဲ . . . . . . . . ၀င်တော့မယ်တဲ့
အိုဘားမားတောင်မကြာလေးခင်ကမှ
နိုဘယ်လ်ဆု . . . . . ရသွားပြီ
ငါလည်း မာနတံဆိပ်ကို
လည်ပင်းမှာ
ခန့်ခန့်ကြီးဆွဲထားချင်သေးတယ်
သြော် ... မေ့နေလို့ပြောရဦးမယ်
မင်းလွတ်လိုက်တဲ့
သူသျှိုတွေနဲ့
လဲပေးဖို့
ငါ့ . . .
ညာဘက်လက်က
လက်ချောင်းလေးငါးချောင်းပဲရှိတယ်
မင်းနဲ့ငါက မိုးကုတ်စက်ဝိုင်း မှာတောင်
မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်း
မင်းက ရှပ်နီ
ငါကရှပ်ဝါ
မင်းက ရီပက်ပလီကင်
ငါက ဒီမိုကရက်တစ်
မင်းက ဟီရိုရှီးမား
ငါက ပုလဲဆိပ်ကမ်း
မင်းက မြောက်ကိုရီးယား
ငါက တောင်ကိုရီးယား
မင်းက . . . . .
ငါက . . . .
အခု . . . . . .
ငါ့အမုန်းရဲ့တမာန်တော် . . . . .
မျက်စောင်းနဲ့ပဲ မင်းကို ပစ်ပေါက်ရသေးတယ် . . . . .
နောက်ဆို မင်းရဲ့အကြည့်တွေကို မီးရှို့ပြီး မြေမြုပ်ပစ်မယ်ဆိုတာ သိထားပါ
No comments:
Post a Comment