Monday, May 2, 2011

မကျမိခဲ့သောမျက်ရည်တစ်စက်

ကြွေကျသွားတဲ့
ကြယ်ကလေးတွေကိုကြည့်
စိတ်ထိခိုက်စွာနဲ့တွေး
ကဗျာလေးတစ်ပုဒ်ရေးချ
ကျလာရတဲ့ ..မျက်ရည် ..။

မြေခသွားကြတဲ့
ရွက်ဝါကလေးတွေကိုကြည့်
မချိလိုက်တဲ့ရင်ခွင်
အတွင်တွင်လှုပ်ခတ်
တရစပ် ကျလာတတ်တဲ့ .. မျက်ရည် ... ။

ကြေမွသွားကြတဲ့
ပန်းကလေးတွေကိုကြည့်
နှလုံးထိအေင်ခံစား
ရူးသွားမလားမှတ်ရတယ်
ဘာကြောင့်ရယ်မသိ
ပါးအထိ ..ကျလာတတ်တဲ့မျက်ရည်   ...။

သေရသွားကြတဲ့
သတ္တ၀ါတွေကိုကြည့်
သတိ ဆိုတာကိုရင်မှကပ်
မြင့်မြတ်တဲ့ဓမ္မနဲ့
ဘ၀ရဲ့အသွင်ကိုမစုံစမ်း
ဒီလမ်းကိုရင်ဆိုင်
အနိုင်ယူစရာလည်းမရှိသေးပဲနဲ့
ဝမ်းနည်းတဲ့ ..မျက်ရည်  တစ်စက်တော့
မေ့လျှော့မကျခဲ့မိပါတကား      ... . . . ။ ။

No comments:

Post a Comment