Monday, May 2, 2011

ဆုတောင်းအပ်ပါတယ်

ချစ်သူ
အတိပ်က  အရိပ်
ငါ.ကို နှိပ်စက်လျက်ပေါ့
အဲဒီတုံးက ပြုံးပျော်ရွင်မြူး
ဘ၀တွေကို  ပုံဖေါ်ကြူးလို.
အပြစ်မမြင် အချစ်သာဝင်ခဲ.ကြတယ်
တဦးနဲ့တစ်ဦး လက်တွဲကူလို.
ဒုက္ခတွေကိုရင်ဆိုင်
ဘ၀တွေကို သာယာနေခဲ့ကြတယ်
ဒီလိုနဲ့လေ
ဘ၀တစ်ကွေ့မှာ ငါလေတွေ့ခဲ့ရတယ်
 လောကကြီးကပဲမတရားလား
 ငါကပဲ လွဲမှားနေလား ငါအဖြေရှာမရခဲ.
မင်းရဲ့အသိုင်းအ၀ိုင်းကို
ဂုဏ်ဆိုတဲ. အရာကပိုင်းခဲ့လို.
ငါ့ဘ၀ထဲက နင်လေထွက်သွားခဲ့တယ်
ကတော် ဆိုတဲ့အသံ မင်း ချိုမိန်လို.
တပ်မတော်ရဲ. ချွေးမတော် ဖြစ်ခဲ.တယ်နော်
 သွားပါချစ်သူ ငါလေမင်းကို
အပြစ်မယူ  ခဲ့ပါဘူး
ဒါပေသည်. ငါတစ်ခုတော.ပြောမယ်
လူမျိုးဘာသာ သာဿနာကိုဖျက်ဆီး
နိုင်.ထက်စီးနင်းနဲ့ ရခဲ့တဲ့ငွေကြေး
မင်းဘ၀လေးကို မပူလောင်ပါစေနဲ့လို.
  

No comments:

Post a Comment