Monday, May 2, 2011

*** လောက ***


အဖြစ်ပြတ်တွေ
အရောင်တွေ
ငါဘာမှမသိချင်တော့ ဘူး
လိုချင်မိတာကတော့
နတ်သမီးအပြုံး
အင်း.....
ဘာဖြစ်လို့  လောကဓံဆိုတာ
စားသုံးကြည့်လို့ 
မရတာပါလိမ့်
လူတွေက အချစ်ဆိုတာကို
ရေလဲ လိုသုံးပြီး
ဘ၀ကို စားသုံးကြည့်ကြတယ်
နောက်ဆုံးတော့လဲ
ကြောင်ကြာကြာ ရေမငုံ့ ပါဘူး
တကယ်တော့
ငါဆိုတာမရှိတဲ့ ကမ္ဘာကြီးမှာ
ငါ့အတွက်ဘာကျန်အုံးမှာလဲ
ဒါပဲလေ
လောကကြီးကိုက
စနစ်တကျ တည်ဆောက်
ထားတယ်ဆိုတာ..........။.....။

No comments:

Post a Comment