ပိုက်ဆံတွေဘယ်တုန်းက
ခြေထောက်တွေပေါက်သွားတာလဲ
ဟန်ဆောင်မှု့တွေရှိတဲ့ဆီမှာ
ပိုက်ဆံတွေတည်းခိုကြသလား
မသိမှု့တခုကဖုန်းလွမ်းတယ်လို့ဆိုဆို
သူငယ်ချင်းတယောက်က..
ဟောဒီလိုပြောတယ်..
ဆင်ပေါ်လိပ်တတ်တိုင်းပြည်ပျက်..တဲ့
အပျက်အပျက်တွေများနေလေတော့
ရိုးသားမှု့နဲ့လိမ်ညာမှု့ဟာ..
ကုလာကြီးနဲ့ ဘာဘူကြီးနဲ့လိုပဲ
ဘယ်သူတွေဘာရတယ်ဆိုတာ
ဒို့ပတ်ဝန်းကျင်မှာအရေးမကြီးဘူး
ဆီတစ်ဆယ်သားဘယ်လောက်လဲ
ဆန်တစ်ပြည်ဘယ်လောက်လဲ
အကယ်ဒမီညရဲ့ထင်ကြေးပေးခံရတဲ့လူတယောက်လို
ရင်တထိတ်ထိတ်ချွေးတဒီးဒီးနဲ့စောင့်မျော်
ဒို့စိုက်နေတဲ့စပါးခင်းဟာ..
ဒို့အတွက်တော့ကကမ္ဘာကျော်ပန်းချီကားတချပ်ပဲ
ဒါဟာ...တချိန်ကဒို့ရဲ့မှော်ဝင်ပန်းချီကား..
ရိုင်းဆိုင်းတယ်လို့ပဲပြောပြော
ကျုပ်..မင်း..ငါ..ဘာတုန်း
ဒါတွေဟာတချိန်ကဒို့ရဲ့အသိုင်းဝိုင်းမှာ
ဂီတတခုလားလို့အောက်မေ့
ဟပ်ကော်မရှင်မရှိဘူး
ဂျော်နီဝါးကားမရှိဘူး
K.T.V.မရှိဘူး
ကိုမြကြီးရဲ့ထန်းတောဟာနိုက်ကလပ်တခုသဖွယ်ပ
ခုတော့လဲ....
အတက်မြန်လို့ အတုသင်တာလား
အတုမြင်လို့အတက်သင်တာလား
ဆင်ပေါ်လိပ်တက်လို့ တိုင်းပြည်ပျက်မပျက်မသိဘူး
ဒို့ ပတ်ဝန်းကျင်မှာတော့..နေ့နဲ့ညမှားလို့မှား
ဘယ်သူဘယ်ဝါကဘာတွေဝတ်ဆင်ထား
ဘယ်သူကတော့ ဘယ်နှစ်ခါဘာလုပ်
စသည်..စသည်..စကားလုံးတွေ
ဒါဟာ..ယဉ်ကျေးမှု့တခုလား
ခုနှစ်တန်းကျောင်းသူက
လင်နောက်လိုက်ပြေးလို့ပြေး
နို့ နံမစဉ်သေးတဲ့သူတွေက
ရည်စားကိုမှိုလိုပေါက်လို
ဒါဟာ..ဥပါဒါန်ရဲ့နိဒါန်းလား
ဆင်ပေါ်လိပ်တတ်မတတ်တော့မသိဘူး
လူတွေကတော့လိပ်တွေဖြစ်လိုက်..
ငါးတွေဖြစ်လိုက်နဲ့....
ကဲကွာ....ကြာပါတယ်
ပိုက်ဆံတွေကိုကြိုးချည်ထားကြ။
No comments:
Post a Comment