ငါ့ဘက်က ကြည့်တော့ လက်ဖ၀ါး
သစ္စာနီရဲ့
ကဗျာသက်သက်လို
ကဗျာဟာ ကဗျာ သက်သက်လို
မဖြစ်သင့်ဘူး . . . . . . . . . . .
ကဗျာဟာ အထက်တန်းစားတွေ အတွက်
ဖျော်ဖြေရေး
မဖြစ်သင့်သလို
လူလတ်တန်းစားတွေအတွက်
လက်ဖက်ရည် ဆိုင်လည်း မဖြစ်သင့်ဘူး
ဒါပေမယ့် ကဗျာဟာ
မရှိဆင်းရဲသားတွေအတွက်
ပြယုဂ်တစ်ခုတော့ ဖြစ်သင့်တယ်
ကဗျာဟာ
ရထား . . . . .
. . . တစ်စင်း . . . ဆိုရင် . . .
အထက်တန်းတွဲနဲ့ လက်မှတ်စစ်
အကြောင်းနဲ့တင် ရပ်မထားသင့်ဘူး
သူဖုန်းစားလေးတစ်ယောက်ရဲ့
ပုတ်ချ
ခံရတဲ့
ထမင်းလုတ်
အကြောင်းလည်း ပါသင့်တယ်
မိုလ်းဇော်ရဲ့
“ ငုယင်ဗန်ဗွိုင်း ညနေ ” က
ကဗျာဟာ . . . သမိုင်း . . . တဲ့
မောင်သာရရဲ့
“ ၀တ္ထုထဲက လူ ” က
“ ၀တ္ထုထဲက လူ ” က
ကဗျာဟာ . . . . . . . . . . . . . . ပစ္စုပ္ပန်
ကဗျာဟာ
အဆီအနှစ်တွေချည်း
. . . . . . သက်သက် . . . . .
ဖြစ်
နေသင့်
တယ်ဆိုရင်
မောင်ချောနွယ် တစ်ယောက်
ကဗျာစင်ပေါ် ဘယ်ရောက်ပါ့မလဲ
သူ ကိုယ်တိုင်တောင် အဆီအနှစ်တွေ စား မသွားနိုင်ဘူး
ဒီလိုပါပဲ ချစ်သူငယ်ချင်းရေ
အတိတ်ကို လက်လှမ်း မမှီတော့ရင်နေ
အနာဂတ်ကို ကြိုမတွေးချင်လည်းနေ
ပစ္စုပ္ပန် အတွက် အမှန်တရား
ဘယ်ဈေးလဲ ဆိုတာ ကိုတော့
မကွယ်ဝှက်ကြေး
တို့ . . .
. . . . . ရေးကြရအောင် . . . . .
No comments:
Post a Comment