Monday, May 2, 2011

*** ချစ်သူ လမင်း ***

 
ဒို့ နှစ်ယောက်ရဲ့  ဝေးကွာခြင်း
အဆုံးအစမဲ့ခဲ့ပါတယ် လမင်းရယ်..
တိမ်တအုပ် ကွယ်ခဲ့ချိန်မှာ
အမှောင်ကမ္ဘာရဲ့  ညနက်ထဲ
ကြေကွဲအားငယ်မှုတွေထွေးသီပြီး
မင်းနဲ့ အနီးကို တိုးလာခဲ့ပေမယ့်
အခုတော့........
ပိုပြီးဝေးကွာစေသောအရပ်မှာ
ငါ့...အေးမြရိပ်တွေ ပြောနေခဲ့ပြီ..
အရင်လိုပါပဲ
ငါ့စိတ်ဟာ ဇဝေဇ၀ါနဲ့ 
မင်းရှိမဲ့နေရာကို ယောင်ယမ်းတမ်းတမိနေတယ်....
ပုန်းနေတဲ့လမင်းရေ....
နှလုံးသားတွေ တဆက်ဆက်တုန်
ဦးနှောက်ထဲအသိက သံပတ်ပေးလဲ
ငါ့ကိုယ်ငါ မနိုင်တဲ့ ဇာတ်ကရင်း
ငွေလမင်းက ချစ်ခြင်းရဲ့  အဝေးမှာ......။

No comments:

Post a Comment