နွေရိပ်တွေ
င့ါနှလုံးသားပေါ် ဖြတ်လျှောက်တိုင်း
အပူးလှိုင်မိတဲ့ သည်စိတ်
အတိတ်ပင်လယ်သို့ ဆင်းသက်
မွန်းကြပ်ခဲ့ရတယ်...
ပူပြင်းတဲ့နွေနေ့ လယ်ခင်း
အ၀ါရောင်ရွက်အိုတွေ ခုန်ဆင်းပြန့် ကြဲနေတဲ့
ရွာထိပ်ကလမ်းခွဲ...
ငါတို့ ရင်ထဲ မိုးဥတုတွေ သဲခဲ့ကြ...
ခွဲခဲ့ရတဲ့ အတိတ်နွေ...
တိတ်ဆိတ်နေတဲ့ နုတ်ခမ်း...
ရွေ့ လျားသွားတဲ့ ခြေလမ်းရဲ့ အထိအတွေကြောင့်
ရွက်ချောက်တွေရဲ့ ငိုညည်းသံ
ငါရင်နံရံ မှာပဲ့တင်ထပ်ဆဲပါ..
ဘ၀တွေ အမြင့်ဆုံးကို ပျံသန်းဖို့ 
အနမ်းတွေကို ယာယီ သိမ်းထုတ်
မြို့ ပြတွေ လိမ်းသုတ်ခဲ့ကြပေမဲ့
ခပ်အုပ်အုပ်တောတန်းဟာ
ငါတို့ မှတ်တိုင်းလေ..
အဲဒီမှာ ငါတို့ အလွမ်းတွေပြိုင်ကြမယ်ပေါ့
အဲဒီမှာ ငါတို့ အချစ်တွေ ပြိုင်ကြမယ်ပေါ့
အဲဒီမှာ..
အဲဒီမှာ အခုငါတစ်ယောက်ထဲ
မျော်လင့်..ကြေကွဲ...
ပျော်စရာတွေ စဲခဲ့ပါပြီ
သြော်... ငါပိုင်ဆိုင်သော အချိန်တွေလည်း
အတိတ်နွေထဲ ခုန်ခုန်ချ
ရင်ခုန်သံတွေကတော့ အိပ်မရသေးဘူုးကွယ်...
No comments:
Post a Comment