Monday, May 2, 2011

*** သောက မီးမွှေ ကမ်းကုန်အောင်မိုက် ***

 
အမေ...

အမေ အားကိုးတဲ့ သားကြီး

အတ္တတွေ စူးပြီးတော့

အမေ့ အရိပ် နဲ့  အဝေးမှာ

သောက မီးတွေ လောင်မြိုက်နေပြီ....အမေ

ခလုတ်ထိမှ အမိ တ တာမဟုတ်ပါဘူး

သားအမေ့ကို သတိရတာပါ

မရှိခိုးနိုး မလှစုန်းမျိုးဆိုပြီး အယူစွဲနေတဲ့

လူတချို့ ရဲ့ ကြားမှာ

တပွဲတလမ်းတော့ သူတို့ ရဲ့ အတ္တတွေကို ရိုက်ချိုးခွင့်ပြုပါ..အမေ

အချိန်တိုင်းမှာ သား အမေ့ကို ဂါရ၀ပြုရင်း

သောက မီးမွှေ လို့  ကမ်းကုန်အောင်မိုက်တဲ့သားတယောက်

အမေပို့ သတဲ့ မေတ္တာကြောင့်

ထာဝရ အေးချမ်းနေမှာပါ မေတ္တာရှင် မေမေ...။...။

No comments:

Post a Comment