Monday, May 2, 2011

ကဗျာမဖြစ်ခဲ့သော...

အလွမ်းတ၀က်နဲ့....
ငမန်း(အချိုရည်)တပက်ကြောင့်
ညတာရှည်ခဲ့တာမပြောတော့ပါဘူး.....။
တကယ်ဆို....
ဒီလိုလသာတဲ့ညမျိုးမှာ...
ခဏတာမင်းနဲ့ဆုံခွင့် ရမယ်
ဆိုရင်တောင်...
ဘ၀ဟာ နဲနဲပြည့်စုံပြီ....။
ငါကိုယ်တိုင်လဲ အလွဲတွေများနေသလားပဲ
အမြဲလိုလို...
မင်းနဲ့အတူနေချင်တာနေတာ...
ဒါပေမယ်...
သေချင်သေလို့လဲ မစွန့်စားရဲဘူး...။
သြော်.....
နွေတောင်ဝင်လာပြီ....
ဒီလိုပဲတနှစ်ကုန်ဆုံးဦးမယ်......။     ။

No comments:

Post a Comment