Monday, May 2, 2011

ဘ၀ဟူသည်....


#ငယ်ကရည်စူး ၊ ငယ်ချစ်ဦးနှင့်
ကြည်နူးရွှင်ပျ ၊ လက်ထပ်ရဧ။် ။

#နှစ်ဦးတူမျှ ၊စိတ်တိုင်းကျပင်
လှပရွှန်းပြောင် ၊ အိမ်တဆောင်ကို
ထူထောင်အားခဲ ၊ ပန်းခြံထဲလည်း
ပျိုးကြဲမြေဆွ ၊ပန်းစိုက်ရဧ။် ။

#ရက်မှလနှစ် ၊ဟောင်း၍သစ်လည်း
အချစ်မပြောင်း ၊ ငယ်ကပေါင်းမို့ 
ထပ်လောင်းသက်တူ ၊ချစ်ကြည်ဖြူဧ။် ။

#လူ့ ပြည်နယ်တွင် ၊မောင်နှင့်ခင်လည်း
ကြယ်စင်နှစ်ပွင့် ၊ ရောင်မြူးတင့်ဧ။် ။

#ပန်းခြံထဲမှ ၊ပန်းအလှလည်း
ရနံ့ သာထွေ ၊ဖူးပွင့်ဝေဧ။် ။

#သမီးနှင့်သား ၊ကလေးများလည်း
ကစားပျော်ရွှင် ၊ သံသာလွင်ဧ။် ။

#ရက်မှလနှစ် ၊ဟောင်း၍သစ်လည်း
အချစ်မပြောင်း ၊ ငယ်ကပေါင်းမို့ 
ထပ်လောင်းသက်တူ ၊ချစ်ကြည်ဖြူဧ။် ။

#ချစ်လင်သက်ထား ၊သမီးသားနှင့်
သွားရမည်မှန်း ၊ဘ၀လမ်းသည်
ဖြောင့်တန်းသာယာ ၊ ရှိခဲ့ပါဧ။် ။

#သို့ ပေမဲ့ရှင့်
လူ့ အဖွဲ့ အစည်း ၊ ကမ္ဘာကြီးသည်
စစ်မီးလောင်ကျွမ်း ၊မငြိမ်းချမ်လျှင်
ရွှင်လန်းသာသူ့  ၊ အိမ်ထောင်စုလည်း
ပူမှု ဘယ်ဝယ် ကင်းလိမ့်နည်း ။

No comments:

Post a Comment