အတွေးတွေ အတိတ်ကိုခြေရာကောက်မိတော့
လွမ်းမောစရာ မြင်ကွင်း
ဒဏ်ရာတွေ ခပ်နက်နက်တူးဖော်ရင်း
ကိုယ့်ရင်ဘတ်ကိုယ် ကာရံညှိမိတယ်။
လွမ်းမောစရာ မြင်ကွင်း
ဒဏ်ရာတွေ ခပ်နက်နက်တူးဖော်ရင်း
ကိုယ့်ရင်ဘတ်ကိုယ် ကာရံညှိမိတယ်။
ဟော..စာတစ်ရွတ်နဲ့မင်တစ်ချောင်း
ငါ့အတွက် အသင့်ဖြစ်နေပြီ
ငါဘာတွေရေးမလဲ.....
ငါဘာတွေတွေးနေလဲ...
အချစ်လား ... ဘ၀လား
ကာရံမညီတာတော့ သေချာတယ်။
ကာရံမညီတာတော့ သေချာတယ်။
ဒဏ်ရာလား ... အနာလား
သေချာတော့ သွေးထွက်နေတယ်။
သေချာတော့ သွေးထွက်နေတယ်။
ဟိုးဝေးဝေးက.......
ညည့်ငှက်တစ်ကောင်ရဲ့
ငိုညည်းသံကြောင့်
ကဗျာတစ်ပုဒ်ဖြစ်နိုင်သလို
အကြည့်ချင်းစုံ ရင်ခုန်ရတဲ့
ဝတ္ထုတစ်ပုဒ်လဲ ဖြစ်နိုင်တယ်။
နာကျင်ခြင်းတွေကိုလဲ
ဘ၀လို့ ထင်ဖူးပီ
ဘယ်အရာတွေရလို့
ဘယ်အရာတွေ ငါပေးခဲ့ရသလဲ
ငါမသိတော့ဘူး
သိလဲမသိချင်တော့ဘူး...။
အတ္တတွေနောက်
ကောက်ကောက်ပါအောင်လိုက်ရင်း
"ငါ့သိစိတ်တွေပါ ဖျောက်ပစ်လိုက်ချင်ပြီ"
No comments:
Post a Comment