မိုးကောင်းကင်ဟိုအဝေး
ငေးငေးလေးကြည့်နေတယ်
လစန္ဒာ ကွေးကွေးလေး
ရေးရေးလေးသာနေတယ်
မင်းမျက်နှာငါထင်လာလို့
ပြုံးလို့တောင်ပြမိပါရဲ့
ကြယ်တွေတောင်ငါ့ကိုလှောင်လို့ ......။
ငေးငေးလေးကြည့်နေတယ်
လစန္ဒာ ကွေးကွေးလေး
ရေးရေးလေးသာနေတယ်
မင်းမျက်နှာငါထင်လာလို့
ပြုံးလို့တောင်ပြမိပါရဲ့
ကြယ်တွေတောင်ငါ့ကိုလှောင်လို့ ......။
အခန်းငယ်ခပ်နွမ်းနွမ်းမှာ
လွမ်းငွေ့တွေသန်းနေတယ်
ဆောင်းလေညှင်းအေးရှရှ
မျက်နှာမှာဆော့ကြတယ်
မင်းရနံ့ငါထင်လာလို့
ပင့်သက်ကိုခါခါရှိုက်မိပါရဲ့
လေပြေတောင်ငါ့ကိုလှောင်လို့ ......။
ဆောင်နှင်းပွင့်အေးအေးလေး
တဖွေးဖွေးကျနေတယ်
ငါ့ခေါင်းရင်းပြတင်းပေါက်ကို
တဖျောက်ဖျောက်ခေါက်ကြတယ်
မင်းခြေသံငါထင်လာလို့
တံခါးတချပ်တောင်ထလှပ်မိသေးရဲ့
နားတွေတောင်ငါ့ကိုလှောင်လို့ .....။
တဖွေးဖွေးကျနေတယ်
ငါ့ခေါင်းရင်းပြတင်းပေါက်ကို
တဖျောက်ဖျောက်ခေါက်ကြတယ်
မင်းခြေသံငါထင်လာလို့
တံခါးတချပ်တောင်ထလှပ်မိသေးရဲ့
နားတွေတောင်ငါ့ကိုလှောင်လို့ .....။
No comments:
Post a Comment