Monday, May 2, 2011
*** မျဉ်းပြုင် ***
ကမ္ဘာကြီးက နေရာတကာ ပျက်စီး မင်းနဲ့ငါ အချစ်ခရီးလို
အကောင်း တစ်ခုမှမကျန်တော့ဖူးကွယ်...
ဆူနာမီ လှိုင်းလုံးတွေထက် ငါတို့ ဒုက္ခက ပိုပြီးကြီးတယ်..
ပြိုကျသွားတဲ့ အဆောက်အဦးတွေထက် ငါတို့ စိတ်ဓါတ်တွေ ပိုပြို ကြတယ်
ပျက်စီးဆုံးရှုံးသွားတဲ့ တန်ဖိုးတွေ ရေတွက်လို့ ရသေးတယ်
လစ်ဗျားနိုင်ငံမှာပြည်တွင်းစစ် ငါတို့ဆီမှာလည်း ပြည်တွင်းစစ်
ဒီလိုမျိုး ငါတို့ အချင်းချင်း မတိုက်ခိုက်သင့်ဖူးကွယ်
စစ်ဆိုတာမျိုးဟာ ပြည်တွင်စစ်ပဲဖြစ်ဖြစ် နိုင်ငံခြင်းပဲ ဖြစ်ဖြစ် ဘာတစ်ခုမှ အကောင်းမရှိဖူးလေ
ဟိုတချိန်က အယူဝါဒ နှစ်ခုဟာ ကိုယ်ထင်တာ မှန်တယ် ဆိုတဲ့စိတ်နဲ့
အယူဝါဒ တစ်ခုထဲကျန်ဖို့ ငြင်းခုံကြရင်း စစ်ခင်းလိုက်ကြတာ နှစ်ပေါင်း (၂၀၀)ကျော်ကြာ
ခရူးဆိတ် ဆိုတဲ့ ဘာသာရေးစစ်ပွဲ (အစ်စလမ်နှင့်ခရိယာန်)
အရိုးတွေ တောင်လိုပုံ သွေးချောင်းစီးဆိုတာထက် သွေးမြစ်ကြီးစီးခဲ့မှာ အသေအချာပေါ့ကွယ်
ဒါပေမဲ့ အဲ့ဒီ ဘာသာနှစ်ခုဟာ တစ်ခုမှ ပျောက်ကွယ်မသွားပဲ ယနေ့ထိ ရှိဆဲပဲလေ
ဒီလိုပဲ မင်းတို့ငါတို့ရဲ့ အမျိုးတွေ အချင်းချင်း တိုက်ခိုက်နေကြလို့
ငါတို့ အချစ်တွေ တစ တစနဲ့ပျောက်ဆုံး အချစ် မျိုးတုံးတော့မယ်
ပညာတတ်ပြီး ငွေချမ်းသာခြင်း မရှိတဲ့ ငါနဲ့ မင်းမိဘက သဘောမတူ
ချမ်းသာပြီး ပညာမတတ်တဲ့ မင်းနဲ ငါ့ မိဘကလည်း သဘောမတူဖူးတဲ့ကွယ်
ငွေကို အထင်ကြီး ငွေရှိရင် ဘာမဆို ပြီးတယ်ဆိုတဲ့ မင်းတို့အသိုင်အ၀ိုင်းနဲ့
ဥစ္စာဟူသည် မျက်လှည့်မျိုး ပညာဟူသည်မြတ်ရွှေအိုး လို့ခံယူထားတဲ့ ငါမိဘနဲ့
သူတို့တွေ သဲကြီးမဲကြီး တိုက်ခိုက်တဲ့ ကြားထဲမှာ
ငါတို့ နှစ်ယောက်က မြေဇာပင် ဖြစ်ရသလားကွာ...
သူတို့ တိုက်ခိုက်တာ နှစ်တွေ ဘယ်လောက် ကြာကြာ..
အသက်ရှိနေသမျှ ငါတို့ကတော့
ချစ်လို့မ၀ ချစ်နေဆဲ ချစ်လျှက်ပဲလေ
မင်းနဲ့ငါ အချစ်ခရီးလမ်းမှာ
အနှောက်အယှက် ကင်းစွာ
လျှောက်လှမ်း မနားတမ်း ဆက်ချစ်ပြီး
တူယှဉ်ကာ လက်တွေ တွဲ့လို့
ပျော်ရွှင်စွာ နီးဖို့အရေး
တောင်နဲ့မြောက် ကိုရီးယားလို
ဘယ်တော့ များမှ
ပေါင်းစည်းခွင့် ရမှာလည်းကွယ်
သူငယ်ချင်း ထူးအောင် ရေ ကဗျာအတွက်ကျေးဇူးနော်.....:-)
*********************************************
No comments:
Post a Comment