Monday, May 2, 2011

ချစ်ကျွမ်းဒဏ်၇ာ

ယုံကြည်မှု
မျှော်လင့်ချက်များနဲ့
ဇနက္ကထုံးနှလုံးမူလို့
အချစ်ဆုံးအောင်ချစ်ခဲ့၇သူပါ။
သူမကတော့
ပပ၀တီအပြုံး
သုဘဒ္ဒါနှလုံးသားနဲ့
မာယာတွေများ
၇က်စက်အားခဲ့တယ်။
မေတ္တာကမ်းပါးတဖက်မှာ
သံယောဇဉ်ကြိုးတံတားကို
အမုန်းဓါးထက်ထက်နဲ့ဖြတ်လို့
ချန်ထား၇က်ခဲ့တယ်။
ငါ့နှလုံးသားထဲ၇င်ထဲမှာလေ
လွမ်းဆွေးကြေကွဲနာကြည်းမှုများ
ခံစား၇သမျှတွေဟာ
သုမနကျောကဒဏ်၇ာများထက်
ပိုခံစားခဲ့လျှက်
ဖြေသိမ့်ခက်လှပါ၇ဲ့ကွယ်...။

No comments:

Post a Comment