♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ငယ်ရွယ် စဉ်က
အပြစ် ကင်းစင်
မုသား ချိုလည်း
မဆို တက်ဘူး
ဆော့ ပြီးရင် စား
ငို ပြီးရင် ရယ်
ဟိုရင် ချိန်က
ကလေး ဘဝ
တမ်းတ မိတယ်
မေမေ ရယ်......။
ဆယ်ကျော် သက်ရွယ်
လူမ မယ်သား
ပညာ မစုံ
ဟိုဒီ လျှောက်သွား
ဘ၀ ကြမ်းနဲ့
လူပုံ အလယ်
မျက်နှာ ငယ်တယ်
မေမေ ရယ်.......။
နှစ်ဆယ် ကျော်က
ဘ၀ စလို့ 
လောက အလယ်
သင်ခန်း စာတွေ
ပဟေဠိ လား
ထင်မှတ် ရတယ်
အနိမ့် အမြင့်
တိုင်းထွာ နေတဲ့
လူတချို့လည်း
စိတ်ပျက် မိတယ်
မေမေ ရယ်......။
ငယ်ရွယ် သူမို့
တခါ တလေ
အချစ် ရေးလည်း
ဦးစား ပေးမိ
ဓန ဗလာ
ပညာ နတ္ထိ
အားနည်း ချက်ကို
အကြေင်း သိလည်း
ရင်တွင်း စိတ်က
ချစ်မိ ခဲ့သည်
သူချစ် ကိုရှာ
ညာတာ နဲ့တွေ့
ကိုယ်ချစ် ကိုယ်ရှာ
ပြန် မချစ် ၍
အသဲ ကွဲတိုင်း
ဝမ်းနည်း တိုင်းလည်း
မေမေ့ ရင်ခွင်
ပြေးလို့ သာလျှင်
ခိုလှုံ ချင်တယ်
မေမေ ရယ်...။...။..။
No comments:
Post a Comment