Wednesday, May 4, 2011

ချစ်သူ မုန်းသူ ဖတ်ဖို့စာ






ရသေ့ရှစ်သောင်းဇာတ်မှာ မလိုက်နိုင်
ဟင်္သာ ကိုးသောင်းဇာတ်ထဲလည်း မပါချင်
လမ်းဟောင်းကို
 ပြန်လျှောက်တဲ့အခါတိုင်း
လွမ်းလောက်စရာ တွေ့ရိုးလား

တစ်ခါက . . . . .
တစ်ခါက

တစ်ခါက . . . . .
ပြန် . . . ပြန် တ သ ရတာ ပျင်းလွန်းလို့

ဖေဖေနဲ့မေမေကို အံ့သြ
ရန်မဖြစ်ဘာမဖြစ်
ချစ်လိုက်ကြ
နှစ်ပေါင်း
လေးဆယ်ကျော်
အမေမွေးတဲ့သမီးပေမယ့်

တစ်ချို့ မျက်နှာကြီးတွေခဏခဏမကြည့်ချင်

ကိုယ့်မျက်နှာလည်း ခဏခဏမပြချင်

စာနာမှု ငတ်တစ်လှည့် ပြတ်တစ်လှည့်
ခုထိ ဘာမှ မတတ်နိုင်တဲ့ဘဝ

ကိုယ့်မာနနဲ့ကိုယ်နေခွင့်ရဖို့အရေး
သွေးနည်းသူတို့ အမနာပစကား
ကြားကားလို
သဘောထားရလိမ့်
ကွန်မရဲ့ခြေဆိပ် လက်ဆိပ်ကိုမှ အားမနာ

တောင်ထိပ်ရောက်အောင် တက်ချင်ပါသေးတယ်ဆိုနေမှ

အရေးထဲအရာထဲမှာပေါ့ ရှင်ရယ်
ခင်ပွန်းကြီး ( ၁၀ ) ပါးထဲစာရင်းဝင်ချင်သူကတစ်မျိုး

အငြိုးအတေးတွေ ခ၀ါချဘိငြားလည်း
ဘရူးတပ်ဆီက
ငှားထားတာပဲ ငြင်းမရ
တစ်သက်လုံး ၀ှက်လာတဲ့

ရှင့်ဓားက ဓားပဲလေ
ခုမှလာပြီး
ပန်းသီး
စိပ်ပြမနေပါနဲ့တော့

ကျွန်မ . . . . . . . . . . . . . .
အဓိက ဇာတ်ကောင်ဘယ်တော့မှမဖြစ်ဘူး

လွမ်းခန်းကိုပိုင်ပိုင်နိုင်နိုင်မကျွမ်းကျင်
လှိုင်ဘောလယ်အောင် ပြောချင်ရယ်ချင်


အမိုက်တိုက်မုန်း . . . . .
ဟန်ဆောင်ပန်ဆောင်မျက်ရည်ရှား

ရင်တွင်းစကား
အပြင်ထုတ်ထားချင်တယ်
ဒါတွေပဲလား . . . အပြစ် . . . . . .

ကဲတယ်
ရဲလည်း ရဲသတဲ့
ဇာတ်မတူ မမတို့ အပြောပဲလေ

နွဲ့တယ်

မနိုင်ဝန်တွေ
ထမ်းတတ်ပြန်သတဲ့
ဇာတ်မတူ ကိုကိုတို့ အပြောပဲလေ

ဘယ်သူ့မှ တပည့်မခံခဲ့ဘူး
ဘယ်သူ့မှ တပည့်မမွေးဘူး

လုပ်ချင်ရာ ရွေးလုပ်နိုင်နေချိန်မှာ
ဒဏ်ရာဗရပွ ဖြစ်ပြီးရင်းဖြစ်

ရေနစ်နေသေးတာတောင် ၀ါးကူထိုးချင်ကြ

ဘယ်နှစ်ခါများသေရမှာမို့တုန်း

အဘွားကြီးအို ခါးမကုန်းခင်
တရားစခန်း ၀င် . . . . . မ၀င်
ဆင်ဆင်ခြင်ခြင်နေ . . . . . . မနေ
တွေ့တဲ့လူနဲ့ တည့်အောင် ပေါင်း . . .  မပေါင်း

အလောင်းလှဖို့ မလှဖို့ထက်

အင်တာနက် . . . ၀က်ဘ်ဆိုက်ပေါ်
ကဗျာသိုက်ရွေ့ဖို့
 သေမင်းနဲ့အချိန်းအချက်
လက်တွေ့ . . . . .
. . . . . အသက်မေ့
တန်အောင်နေသွားရဖို့စစ်ခင်း

ဟောသည် ညစ်ပတ်
 ပေစုတ် လောကတစ်လင်းမှာ
ဒု က္ခ တွေ ထယ် ထိုး ပျိုး ချ ရိုး မြေ ကျ ဆို ပါ တော့

No comments:

Post a Comment