Monday, May 2, 2011

သင်ရိုးကုန်(ဂုဏ်ထူး)


ငါ...
ချစ်တတ်တုန်းက
အချစ်ခဲ့ဆုံးက မင်းပါ
ဒါဟာ...
အချိန်ကြာညောင်းပေမယ့်
မဟောင်းနိုင်တဲ့ပုံပြင်တစ်ပုဒ်ပေါ့
နှစ်တစ်ကျိပ်မှာ
ငါ့ရဲ့နှလုံးသားကို
မနိုးတမ်းအိပ်ပျော်စေခဲ့သူ
အခုများ...
မုသားတွေနဲ့ချော့မြူပါဦး
ရင်ဘတ်တစ်ခုလုံး
ထုံဆေးထိုးထားသလို
တောင့်တင်းအေးစက်
ပန်းပေါင်းများစွာခူးတတ်ပေမယ့်
မခူးရက်ခဲ့သူ
ငါဟာ...
မင်းရဲ့မာယာကွန်ယက်ထဲ
နစ်မွန်းပျော်ဝင်လို့နေဆဲလေ
အိပ်မက်ဆိုးတွေများလှပြီ
ငါ့ကို...
နိုးထခွင့်ပြုပါတော့
အချစ်အတွက်
မင်းဆီမှာမရှက်မကြောက်
ဒူးထောက်ရဲခဲ့တဲ့ငါ
လက်တွဲဖော်ကိုအခုထိ
မရှာနိုင်သေးဘူး
မင်းမှတပါး
အခြားပန်းတစ်ပွင့်ဆို
ငါရဲ့အိုအေစစ်
ထာဝရရှင်သန်ရစ်မယ်
တကယ်...
ရုန်းထွက်နိုင်စွမ်းရှိပါလျှက်နဲ့
ထွက်ပြေးလွတ်မြောက်ဖို့ကို ငါ
မကြိုးစားခဲ့မိတာကအမှား
ရိုးသားစွာနုံအခဲ့ပြီးမှ
ကိုယ်တိုင်...
ခုန်ချမိတဲ့ချောက်နက်ထဲမှာ
အလွမ်းများစွာနဲ့
သေမယ့်အချိန်ကိုတောင်မျှော်တတ်လာတယ်

ချစ်တတ်ခဲ့တုန်းက
နောက်ဆုံးထွက်သက်ကြွေချိန်အထိ
အခုတော့လည်း
အချစ်ကိုမုန်းတတ်နေမိပြီပဲလေ...

No comments:

Post a Comment