Monday, May 2, 2011

အတိတ်ကို ပြန်လည်အသက်သွင်းခြင်း


သုညလေးတစ်လုံးပါ


ဒါကိုတောင်မှ


သွေးတစ်စက်စက်ကျတဲ့အထိနှိပ်စက်


အိပ်မက်ထဲထိတောင်


နင်မုန်းရက်တယ် ..။


ပြီးဆုံးသွားပြီဆိုတဲ့ စကားသံနောက်


အမုန်းတစ်ဝက် ချစ်ခြင်းတစ်ဝက်နဲ့


ပက်လက်သေဆုံး


ငါဟာ .. အညာတရ ၀လုံးလေးလဲဖြစ်ဖူးတယ် ..။


အသံချိုချိုနဲ့ (သူ)လှုပ်နိုးနှုတ်ဆက်


ဟိုတစ်ချိန်က မနက်ခင်းတွေရယ် ..


အဟောင်းတစ်ပွင့်ပေမယ့်


ပေးဖြစ်ခဲ့တဲ့ တီးတိုးအနမ်းတွေရယ် ..


ငါ့အကြောင်းအိပ်မက်မှ အိပ်လို့ရတယ်ဆိုတဲ့


တစ်ချိန်တုန်းက ကောင်လေးတစ်ယောက်ရယ်ကို ..


အိုး.. ပြန်ခေါ်ပေးပါ
ပြန်ခေါ်ပေးကြပါ ...

ဒါ .. ဘ၀မှာ
ပထမဆုံးအဖြစ် ပူဆာမိလို့
ဖြည့်စွမ်းပေးပါ
မေမေ ..။

No comments:

Post a Comment