Monday, May 2, 2011

မေ့နိုင်မယ့်တနေ့ 


အသစ်ချစ်ခြင်း
သူစိမ်းအချစ်က..
တေလေနေတဲ့ 

ငါ့ဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ
ရာဇ၀င်ထဲမှာ
ပျိုခင်...ခရီးဆက်ရဦးမယ်။
ကိုရင်ရေ...

ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်...
ထာဝရချမ်းမြေ့စေသား
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ..

ငါ.. ဆုတောင်းပေးနေမယ်..။
ကဗျာတွေစိ...ရင်း...
သူငယ်ချင်းတွေနဲ့နေရင်း...
စကားပြောရင်း ....
သီချင်းလေးတွေဆိုရင်း...
မင်း....တနေ့ ....

ငါ့ကို မေ့သွားမှာပါ...။

No comments:

Post a Comment