ငါတို့ အချစ်တွေပေါင်းဆုံစီးစင်းဖို့ 
ငွေ မလိုဘူး ဂုဏ်မလိုခဲ့ပါဘူး
နင့်ရင်ခွင် နဲ့ ငါ့ ရင်ခွင်ဟာ အကောင်းဆုံး
ရေသောက်မြစ် ဖြစ်ခဲ့မှတော့ စီးဆင်ဖို့ နေရာကို
တို့ ကိုယ်တိုင် တိုက်စားဖန်တီးယူနိုင်ခဲ့တာပေါ့
ဟော ကြည့်လိုက်စမ်း ချစ်သူ….
ခုဆိုရင် ငါတို့ ရဲ့ အချစ်မြစ်ပြင် ခန်းနားစွာနဲ့
အိနြေ္ဒရနေပြီ ဒါငါတို့ ရဲ့ရေသောက်မြစ်တွေ
စစ်မှန်ခဲ့လို့ပေါ့ သွေးခွဲမှု နံရံတွေကို
သံယောဇဉ်နဲ့ တိုက်စား လို့
မြစ်ပြင်ကို ခန်းနားစေခဲ့လေရဲ့
မနာလို မှုနဲ့ ဟန့်တားတဲ့ ကျောက်ဆောင်တွေရော
ငါတို့ ရဲ့ စီးဆင်းမှုကို ရပ်တန့် ပစ်နိုင်ခဲ့ရဲ့လား
မင်း တွေးကြည့်စမ်း..ချစ်သူ လိုတာမရလို့
ရတာယူခဲ့တာမဟုတ်ဘူး
ရတာမလိုလို့ လိုတာကိုတောင့်တခဲ့တာပါ
ရတာနဲ့လိုတာကြား
ဒဏ်ရာဆိုတာက အပိုဆုထင်ပါရဲ့
နွေမှာ နှင်းပျောက်တာအဆန်းမဟုတ်ပေမယ့်
နှင်းရောက်လာတာ ပုံမှန်မဟုတ်ဘူးဆိုတာ သိသင့်တယ်.။

လ အလင်းခင်းဖို့  နေမင်းပျောက်ရတာလား
နေ အလင်းခင်းဖို့ လမင်းပျောက်ရတာလား
သေချာတာတော့
လမလင်းတဲ့ ညခင်းမှာလည်း ကြယ်ရောင်အလင်းနဲ့
မြစ်တစ်စင်းရဲ့ ချစ်ခြင်းကတော့ စီးဆင်းဆဲ
စီးဆင်းမြဲ စီးဆင်းနေဦးမယ် ။ ။
လင်းလက်ကြယ်(ပုဏ္ဍ၀တီ)
သေချာတာတော့
လမလင်းတဲ့ ညခင်းမှာလည်း ကြယ်ရောင်အလင်းနဲ့
မြစ်တစ်စင်းရဲ့ ချစ်ခြင်းကတော့ စီးဆင်းဆဲ
စီးဆင်းမြဲ စီးဆင်းနေဦးမယ် ။ ။
လင်းလက်ကြယ်(ပုဏ္ဍ၀တီ)
No comments:
Post a Comment