Monday, May 2, 2011

*** ကြယ်စင်လေးစီ...သို့ ... ***

ဖွင့်ပြောမိတဲ့ စကားလေးက
နာကျင်မှုတွေနဲ့ ကြုံတွေရမယ်ဆိုရင်
မပြောပဲ သိမ်းထားချင်မိတာပါ.......။

ဟန်ဆောင်မှုတွေ မျိုသိပ်မထားနိုင်တော့
အက္ခရာလေး နှစ်လုံးအဆုံးမှာ
ကြွေရတော့မယ်နော်.....။

အရိုးရှင်ဆုံးဖွင့်ဆိုမှုလေးက
အရိုးသားဆုံးငြင်ပယ်ဖို့ အတွက်
ရှင်သန်လာရတာလား........။

အသိမျက်ဝန်းတွေနဲ့ မသိမျက်ဝန်းတွေမှာ
စုံလုံးကန်းနေပြီမို့...
ကြယ်စင်လေးရယ်.....ခဏတာလောက်ြ
ဖစ်ဖြစ်
လမ်းပြပေးပါလား..........။

ရင်နင့်စွာ ချစ်တဲ့သူမို့
ကြွေလွင့်စွာပြောမယ့် စကားလေးတွေနဲ့တော့
ဒီ.......ရင်ကိုတော့ မခြွေလိုက်ပါနဲ့လား....
ကြယ်စင်လေးရယ်..........

No comments:

Post a Comment